ဒီပဲယင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော စစ်ကြောင်းတစ်ခုအား ရွာသစ် (ငြိမ်း ချမ်း)ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား  ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၁

      စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မ တော်စစ်ကြောင်းတစ်ခုအား ဒီဇင် ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရွာသစ် (ငြိမ်း ချမ်း)ရွာအနီး၌ အကြမ်း ဖက်သမားများမှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၃ ဦး ကျဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit  Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်း၌ မည့်သည့် ပစ်ခတ်တိုက် ခိုက်မှုမှ မရှိကြောင်း၊ လုပ်ကြံသတင်းအတုသာ ဖြစ်ကြောင်းသိရှိရသည်။

       တရားမဝင် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေလုံခြုံရေး ဆောင် ရွက်ပေးလျက်ရှိသည် တပ်ဖွဲ့ဝင်များအပေါ် ယုံ ကြည်အားကိုးသည့်စိတ်များ လျော့နည်းလာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN