ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသမီး နှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၂၁

      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက် နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ် ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက် လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက် ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ် ဆောင်လျက်ရှိသည်။

       ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပဲခူး တိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက  ကျေးရွာ ၏အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ အမြင့် မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့်  ကျေးရွာ အတွင်း Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့ရာ  အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက်(၂)နှစ်အရွယ် ကလေးငယ် တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

        အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် အပြစ်မဲ့ ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား ထိရောက်စွာ အရေး ယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN