ဒီဇင်ဘာ ၂၀
ရန်ကုန်မြို့အတွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်များ ည ၁၀ နာရီအထိ နောက်ဆုံးထားပြေးဆွဲပေးရန်နှင့် နောက်ဆုံးကားထွက်မယ့်အချိန်ကို ခရီးသည်များကို အသိပေးထားရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ YRTC မှ ညွှန်ကြားချက်အရ သိရပါသည်။
YBS ယာဉ်များအနေနှင့် မူလက ည ၉ နာရီ အထိသာ နောက်ဆုံးထားပြေးဆွဲမှုများရှိနေရာမှ ယခုအခါ ည ၁၀ နာရီအချိန်ထိ ထပ်မံတိုးချဲ့ပြေးဆွဲပေးကြရန် အသိပေးထားပြီး အဆိုပါညွှန်ကြား ချက်က YBS စီးနင်းကာ ခရီးသွားလာသူများကို ဘတ်စ်ကားစီးနင်းရာတွင် ကားလုံလောက်စွာမစီးရသော အခြေအနေကနေ ကင်းလွတ်ပြီး လိုရာခရီးကို ရောက်ရှိကြစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
လတ်တလောမှာ YBS ယာဉ်တွေအနေနှင့် CNG ဂတ်စ်ရရှိမှု မပြည့်မီခြင်းကြောင့် အခေါက်ရေလျှော့ ပြေးဆွဲခြင်းများ ရှိလာသည်ဟု ခရီး သွားမိဘပြည်သူများ ရုံးတက်ရုံးဆင်းချိန်များတွင် ကားမရ၍ အသွားအလာအခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ယခင်ထက် အချိန်ပိုတိုးကာ ပြေးဆွဲပေးရန် YBS ယာဉ်လိုင်းများကို ညွှန်ကြားထားခြင်း ဖြစ်သည်။ ထို့အပြင် YRTC အနေနှင့် MOGE မှ တာဝန်ရှိသူများနှင့် တွေ့ဆုံထားပြီး CNG ပြည့်ဝစွာရရှိကာ ယာဉ်အစီးရေ ပိုမိုပြေးဆွဲနိုင်ရန် လက်ရှိအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု သိရပါသည်။
လက်ရှိမှာ YBS ယာဉ်လိုင်းများအနေဖြင့်တစ်ရက်လျှင် ယာဉ်အစီးရေ ၃၇၀၀ ကျော်ထွက်ရှိနေပြီး ယခင်က ထက် ယာဉ်အစီးရေနည်းပါးစွာ ထွက်ရှိနေခြင်းမျိုးမဟုတ်ဘဲ CNG ရရှိမှု အခြေ အနေမှာ CNG Pressure မပြည့်မီမှုများကြောင့် အခေါက်ရေ ၅ ခေါက် ပြေးဆွဲနေရာမှ ၄ ခေါက်သာပြေးဆွဲနေရသည့်အတွက် ခေါက်ရေလျော့ကျ သွားရခြင်းဖြစ်ကြောင်း သိရပါသည်။
#PAN