အိန္ဒိယနိုင်ငံမှ အဝယ်လိုက်၍ ပဲစင်းငုံစျေးကောင်းရ

ဒီဇင်ဘာ ၂၀

     မကွေးတိုင်းဒေသကြီး၊ အောင်လံနှင့် ဆင်ပေါင်ဝဲမြို့နယ်ထွက် ပဲစင်းငုံသီးနှံများကို အိန္ဒိယဝယ်လက်များက အဝယ်လိုက်လာခြင်းကြောင့် စျေးကောင်းရနေသည်ဟု ဒေသခံတောင်သူများထံမှ သိရပါသည်။ လက်ရှိတွင် အောင်လံနှင့် ဆင်ပေါင်ဝဲမြို့နယ်များကထွက်ရှိသော ပဲစင်းငုံသီးနှံများမှာ အောင် လံမြို့ သီးနှံပွဲရုံများကို အများအပြားဝင်ရောက်နေသည် ပွဲရုံများထံမှ သိရပါသည်။

       ယခင်နှစ်များက ပဲစင်းငုံ ပိဿာ ၂၀ တစ်အိတ်ကို ငွေကျပ် ၅၀,၀၀၀ ကျော်သာစျေးရခဲ့ပြီး ယခုနှစ်မှာ ငွေကျပ် ၉၅,၀၀၀ အထိဈေးရရှိပြီး တစ်ဧကကို တင်း ၄၀ ကျော်ထွက်ရှိသည်ဟု သိရပါသည်။ ထွက်ရှိသော ပဲစင်းငုံ အရည်အသွေးက အနာအဆာကင်းလွတ်သည့်အတွက် ဝယ်လက်စျေးကွက်တွင် အကြိုက်များသည်ဟု တောင်သူများထံမှ သိရသည်။

       အောင်လံသီးနှံပွဲရုံများတွင် နေ့စဥ်ပဲစင်းငုံ ပိဿာ သုံးသောင်း နီးပါးခန့် အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန် ဝယ်လက်များက တစ်ဆင့်အိန္ဒိယနိုင်ငံကို အများဆုံးတင်ပို့ပေး နေရသည်ဟု သိရသည်။

#PAN