အစ္စရေးနိုင်ငံက ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို စတင်ဖွင့်လှစ်

ဒီဇင်ဘာ ၂၀

     အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ကမ်းမြောင် ဒေသအတွင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေးအတွက် ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ရေးပစ္စည်းများ ၎င်းဂိတ်မှ ပထမဆုံးဝင်ရောက်မှုကို စတင်ခွင့်ပြုခဲ့သည်။

      ၎င်းနယ်စပ်ဂိတ်တွင် စစ်ဆေးမှုအများအပြားစတင်ဆောင်ရွက်နေပြီး ထောက်ပံ့ရေးပစ္စည်း အများအပြားကို ဝင်ရောက်ခွင့်ပြုကြောင်း အတည်ပြုခဲ့သည်။ ၎င်းနယ်စပ်ဖြတ်ကျော်သည့်ဂိတ်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။

      နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ခဲ့သော ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်၏ စည်းကမ်းချက်များအရ ယခုနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဤသဘောတူညီချက်အရအစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်သို့ အီဂျစ်မှ အစားအစာနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူ အညီများ နေ့စဉ်ကုန်တင်ကား အစီး ၂၀၀ ဖြင့် ဝင်ရောက်ရာတွင် အဆင်ပြေချောမွေ့စေရန် ဆောင် ရွက်ပေးမည်ဖြစ်သည်။ သို့သော်လည်း အီဂျစ်နှင့် ဂါဇာကမ်းမြောင်ကြားရှိရာဖာနယ်စပ်ဂိတ်ကိုဖြတ်ကျော်ကာ တစ်ရက်လျှင် ထရပ်ကား အစီးရေ ၁၀၀ သာ ဖြတ်သန်းနိုင်ခဲ့သည်။

      အီဂျစ်၊ အစ္စရေးနှင့် ဂါဇာနယ်စပ်တွင်တည်ရှိသော ကယ်ရင်ရှလွန်နယ်စပ်ဂိတ်သည် ရာဖာနယ်စပ်ဂိတ်နှင့် နှိုင်းယှဉ်ပါက ဂါဇာကမ်းမြောင်အတွင်း ကုန်စည်များအများအပြားရောက်ရှိနိုင်သည့် အရေးကြီးသော လမ်း ကြောင်းဖြစ် ကြောင်း သိရသည်။ အစ္စရေး ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် အခြေခံအဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး ဒေသတွင်း စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခဲ့သည်။

#PAN