မြင်းခြံမြို့နယ်တွင် အသက် ၇၀ အရွယ်အဖွားအို တစ်ဦးကို အကြမ်း ဖက် PDF များက ဒုတ်ဖြင့်ရိုက်နှက်သတ်​ဖြတ်ပြီး ရွှေနားကပ် ၁ ရံအား ဖြုတ်ယူထွက်ပြေး

ဒီဇင်ဘာ ၂၀

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဇီးပင်ကန်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၇၀ အရွယ်အဖွားအို တစ်ဦးကို အကြမ်း ဖက် PDF များက ဒုတ်ဖြင့်ရိုက်နှက်သတ်​ဖြတ်ပြီး ရွှေနားကပ် ၁ ရံအား ဖြုတ်ယူထွက်ပြေးသွားကြောင်း သိရပါသည်။

        မြင်းခြံမြို့နယ်၊ ဇီးပင်ကန်ကျေးရွာ နေသူ ဒေါ်တင်နွယ်၊၇၀နှစ်၊(ဘ)ဦးပြည့်ဖြိုး၊တောင်သူ သည် ဇီးပင်ကန်ကျေးရွာ၏ အနောက်တောင်ဘက် ၄ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဥ် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်၌ အကြမ်းဖက် PDF အဖွဲ့(အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး ဒေါ်တင်နွယ်အား ဦးခေါင်းကို ဒုတ်ဖြင့်ရိုက်ပြီး ထိုးကြိတ်ရိုက်နှက်ကာ ဒေါ်တင်နွယ်၏နားတွင် ဝတ်ဆင်ထားသည့် ရွှေ နားကပ် ၁ ရံ(ခန့်မှန်းတန်ဖိုး ၂၅၀၀၀၀ကျပ်)အား ဖြုတ်ယူ ထွက်ပြေးသွားခြင်းဖြစ်သည်။

      ထိုသို့ ရိုက်နှက်ထိုးကြိတ်မှုကြောင့် ဒေါ်တင်နွယ် တွင် ဦးခေါင်း ယာဘက်ခြမ်း ဖူးရောင်ဒဏ်ရာ ၁ ချက်၊ လည်ပင်း ညိုမဲဒဏ်ရာ၊ ဝဲ/ယာ မျက်နှာ ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။

      သေဆုံးသူ ဒေါ်တင်နွယ်မှာ အပြစ်မဲ့ သာမန်ပြည်သူတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမား PDF များမှာ လူသတ် ပစ္စည်းလုသည့်အဆင့် ရောက်ရှိနေပြီဖြစ် ကြောင်း ဒေသခံများ၏ ပြောကြားမှုအား သိရှိရပါ သည်။

#PAN