ဗြိတိန်က ယူကရိန်းနိုင်ငံနှင့် လုံခြုံရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမည်

ဒီဇင်ဘာ ၂၀

     ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်ဖြစ်သည့် Telegraph က ဖော်ပြ သည်။ ဗြိတိန် အစိုးရသည် အဆိုပါ လုံခြုံရေးသဘောတူညီချက်အရ ယူကရိန်းရေတပ်အား ပင်လယ်နက်ဒေသတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် အကူအညီပေးအပ်မည်ဖြစ်ပြီး စစ်လက် နက်ပစ္စည်းများကိုပါ ထောက်ပံ့ပေးမည်ဖြစ် ကြောင်း Telegraph သတင်းစာ က ဒီဇင်ဘာလ ၁၈ ရက်တွင် ဖော်ပြသည်။

       ထို့ပြင် ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ မိုင်းရှင်းလင်းရေး ရေယာဉ်နှစ်စင်းကို လွှဲပြောင်းပေး အပ်မည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကြေညာထားသည်။

      ဗြိတိန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ထောက် ခံနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စတာလင်ပေါင် ၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ) တန်ဖိုးရှိ စစ် လက်နက်ပစ္စည်းများနှင့် လေကျင့်သင်ကြားမှုများကို ပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။ ထို့ပြင် ဗြိတိန်တော်ဝင်ရေ တပ်သည် ယူကရိန်းစစ်သည်များအား မိုင်းရှင်း လင်းရေးနှင့် ကုန်း၊ ရေနှစ်သွယ် စစ်ဆင်ရေးဆိုင် ရာ သင်တန်းများကိုပါ ပေးအပ်ခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။