တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၀

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ ၇၃ လမ်း ၁၁၈ x ၁၁၉ လမ်းကြားရှိ GI ကားဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Lenovo Intel Laptop ၁၈ လုံး အပါအဝင် ကုန် ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၂ဝဝ,ဝဝ၀)ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ ဒီဇင်ဘာ ၁၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုဗ္ဗသီရိမြို့ နယ်၊ ရွာတော်ကျေးရွာ၌ လိုင်စင်မဲ့ Nissan Elgrand ယာဉ်တစ်စီးနှင့် Mitsubishi Elardis ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

      ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ တရားမဝင် အခြားသစ် ၁၁ ဒသမ ၅၆၉ တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁,၇၃၅,၄၇၀)နှင့် Kamax သုံးဘီးမော်တော် ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀,၀၀၀) ကိုလည်းကောင်း၊ သရက်ခရိုင် မင်းလှမြို့နယ်၌ တရားမဝင် အခြားသစ် သုည ဒသမ
၅၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇,၂၀၀)ကိုလည်းကောင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ အခြားသစ် ၂ဒသမ ၄၂၁ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၆၄,၀၂၆ ကျပ်)ကိုလည်း ကောင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့၌ အခြားသစ် ၁ ဒသမ၂၄၇ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၀၆,၆၇၄ ကျပ်)ကိုလည်းကောင်း စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၇၃,၃၇၀ ကို သိမ်း ဆည်းရမိခဲ့ပြီးသစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝငကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ် စခတ (၈) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာ တမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် Volvo အမျိုးအစား စက် ယန္တရားယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)ကိုလည်း ကောင်း၊ ကန့်ဘလူမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Molisa 125 ဆိုင် ကယ်တစ်စီးနှင့် INXINAG 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀,၀၀၀)ကိုလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၄၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှ စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန် ဖိုးငွေကျပ် ၃၄၂,၃၇၃,၃၇၀) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN