ဂျပန်ကလပ်ကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ မန်စီးတီးအသင်း

ဒီဇင်ဘာ ၂၀

     ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အူရာဝါအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်စီးတီးအသင်းက အူရာဝါ အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

      မန်စီးတီးအသင်းဟာ အူရာဝါအသင်းကို အကောင်ဆုံးဖိအားပေး ကစားထာနိုင်ခဲ့ပြီး အူရာဝါအသင်း နောက်ခံကစားသမား ဟွိုင်ဘရာတန် ရဲ့ ဖြတ်ထုတ်မှုက ကိုယ်ဂိုးကို ပြန်သွင်းမိခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး အသင်း က ပထမပိုင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတွေကို တော့ ဒုတိယပိုင်းမှာ ကိုဗာချီးစ် နှင့် ဘာနာဒိုဆေးလ်ဗား တို့ကို သွင်းယူပေးခဲ့ကြပါတယ်။ မန်စီးတီးအသင်းဟာ အသင်းသမိုင်းတစ် လျှောက် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

#PAN