ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တောင်းဆို

ဒီဇင်ဘာ ၂၀

     ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲဂါဘရီယီဆက် က ထပ်မံတောင်းဆိုခဲ့သည်။ ဂျီနီဗာတွင်ကျင်းပသည့် ကုလသမဂ္ဂ အသိ အမှတ်ပြု သတင်းထောက်များအသင်း နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

      ဂါဇာကမ်းမြောင်ဒေသသို့ ဆေးဘက်ဆိုင်ရာ ဝန် ထမ်းများ ဝင်ရောက်ခွင့်ပြုရေးအပါအဝင် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် WHO အမှုဆောင်ဘုတ်အဖွဲ့၏ အထူးအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် နှင့်စပ်လျဉ်း၍ ၎င်းက ချီးကျူးပြောကြားသည်။

       အဆိုပါဆုံးဖြတ်ချက်အရ ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကို ဆက်လက်အစီရင်ခံရန်၊ အကျပ်အတည်း၏ စိတ်ကျန်းမာ ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲ ဖြတ်ရန်၊ နည်းပညာနှင့် ထောက်ပံ့ရေးပစ္စည်းအကူအညီများ တိုးမြှင့်ရန် တောင်းဆိုထားသော် လည်း လက်ရှိအခြေအနေတွင် ဂါဇာဒေသ၌ အဆိုပါတာဝန်များကို ထမ်းဆောင်ရေးမှာ မဖြစ်နိုင်သေးကြောင်းနှင့် တစ်ခုတည်းသော စစ်မှန် သောကုစားမှုမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြား သည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ဆေးရုံ များ၊ ဆေးခန်းများနှင့် လူနာတင်ယာဉ်များအပေါ် တိုက်ခိုက်ခံရမှု ၁၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၇၀၀ နီးပါး သေဆုံးကာ ၁၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံ တကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက ရှုတ်ချပြောကြားခဲ့သည်။

       ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက် ကတည်းစတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပါလက်စတိုင်း ၁၈၇၀၀ ကျော် သေ ဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးနှင့် ကလေးများ ဖြစ်သည်ဟု တာဝန်ရှိသူ များက ပြောကြားသည်။

#PAN