ကျောက်ဆည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး၏ ဇနီး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၊ သိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့

ဒီဇင်ဘာ ၂၀

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ညောင်ရွေကျေးရွာအနီး၊ ညောင်ရွေ-ကြက် လျှာသွားလမ်း ရှင်ပင်ဆပ်သွားဘုန်းကြီးကျောင်း အဝင်ပေါက်အနီး၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ အမျိုး သမီးတစ်ဦးကို အကြမ်း ဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရပါသည်။

      စဉ့်ကိုင်မြို့နယ်၊ကြက်လျှာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွေး၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာ၊၄၈နှစ်၊(ဘ)ဦးရွှေသီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ညောင်ရွေကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးရောင်းလာစဉ် ၎င်း၏နောက်မှ ဆိုင်ကယ် တစ်စီးဖြင့် အကြမ်း ဖက်သမား PDF နှစ်ဦးက လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ကျောက်ဆည်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ် သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်စန္ဒာတွင် ယာဘက် လက်မောင်းအရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်အိပ်ထောင်တွင် ထည့်ထားသောလက် ကိုင်ဖုန်းအား ၁ချက် ထိမှန်ခဲ့ပြီး (စိုးရိမ်ရ )ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN