ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၅ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ရမယ့် မာဆယ်လို

ဒီဇင်ဘာ ၂၀

     ဘရာဇီးလ်အသင်း ဝါရင့်နောက်ခံ ကစား သမား မာဆယ်လို ဟာ ဖလူမီနက်စ်အသင်းနဲ့အတူ ကလပ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်အာလီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက် နိုင်ခဲ့ပါတယ်။

      မာဆယ်လို ဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၅ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မာဆယ်လို ဟာ ယခင်က ရီးရဲလ်အသင်းနဲ့ ၄ ကြိမ်ယှဉ်ပြိုင်ခဲ့ပြီး ၄ ကြိမ်စလုံးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖလူမီနက်စ်အသင်းနဲ့ ရယူနိုင်ခဲ့မယ်ဆိုရင် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ခဲ့တဲ့ ၅ ကြိမ်စလုံး ချန်ပီယံဆု ရယူနိုင်မယ့်သူ ဖြစ်လာမှာ ဖြစ်ပါတယ်။

       ဒီဇင်ဘာလ ၂၃ ရက်မှာ ဖလူမီနက်စ်အသင်းဟာ ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#PAN