ကစားသမား ၄ ဦးကို ရောင်းချရန် မန်ယူအသင်းက ဆော်ဒီကလပ်များနှင့် ဆွေးနွေး

ဒီဇင်ဘာ ၂၀

မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိသည့် ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်နေပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေသည့် ဆန်ချိုအပါအဝင် တန်ဟက်ဂ် အကြိုက်မတွေ့သော ဗာရန်း၊ ကက်စီမီရိုနှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

ကက်စီမီရို နှင့် ဗာရန်းတို့ကို ဆော်ဒီကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းလည်း သိရပါတယ်။

သဘောတူညီချက် တစ်စုံတစ်ရာမရရှိ သေးပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိခဲ့ပြီး အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ ထပ်မံဆွေးနွေးသွားဖို့ရှိပါတယ်။