Apple ကုမ္မဏီက Apple Watch တွေကို ရောင်းချခွင့်ပိတ်ရန်စီစဉ်

ဝါရှင်တန်ဒီစီ ဒီဇင်ဘာ ၁၉
မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကြောင့် Apple ကုမ္မဏီက Apple Watch များအား ရောင်းချခွင့်ပိတ်ရန် စီစဉ်နေကြောင်း သိရသည်။
Apple ကုမ္မဏီသည် Apple Watch Series 9 နှင့် Apple Watch Ultra 2 တို့ကို ကြာသပတေးနေ့မှ စတင်ကာ ၎င်း၏ အရောင်းစင်တာများတွင် ရောင်းချတော့မည်မဟုတ်ကြောင်း သိရသည်။

Apple အနေနဲ့ ၎င်းတို့ကုမ္မဏီရဲ့ ရေပန်းစားတဲ့ Apple Watch Series များတွင် အသုံးပြုသည့် သွေးတွင်းအောက်စီဂျင်တိုင်းတာသည့် နည်းပညာမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းများထုတ်လုပ်သည့် Masimo နှင့် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်နေခြင်း ဖြစ်သည်။
Apple ကုမ္မဏီအနေနှင့် ၂၀၂၂ ခုနှစ်တွင် စမတ်နာရီအလုံးရေ ၄၉ သန်းခန့် ရောင်းချခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အလုံးရေ ၂၆.၇ သန်းခန့်ရောင်းချခဲ့ရကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews