သံဖြူဇရပ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦးအပါအဝင် အမျိုး သား ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ဒီဇင်ဘာ ၁၉

      မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ယမန်နေ့ ညနေပိုင်းက အမှုဖွင့်လှစ်သည့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေး တိုင်ကြားမှုအရ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် အောင်ကိုကို၊ ၄၀ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ဗမာ/ဗုဒ္ဓ၊ ၁၀/သဖရ(နိုင်)၀၉၄၉၇၉၊ ဒုဦးစီးမှူး (သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ် ကွက်၊ စိမ့်စမ်းမြိုင် (၉)လမ်း၊ အမှတ်(၁၈)နေသူ၊ ဦးဇင်လင်းနွယ်(ခ)ချန်ဒူးဝမ် ၊ ၄၁ နှစ်၊ (ဘ)ဦးမြင့်အေး၊ ဗမာ/ဗုဒ္ဓ၊ ၁၀/ သဖရ(နိုင်) ၀၈၁၂၇၄၊ စလောင်းပြုပြင်ရေး၊ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ် ကွက်၊ ဖွားအုန်းစိန်လမ်း၊ အမှတ်(၁၅) နေသူနှင့် ဝင်းထိုက်၊ ၄၈ နှစ်၊ (ဘ)ဦးရွှေကြည်၊ ဗမာ/ဗုဒ္ဓ၊ ၁၀/သဖရ(နိုင်) ၀၆၉၀၉၈၊ စက်ပြင်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ မြိုင်မာလာလမ်းနေသူတို့ ၃ ဦးကို တပ်နယ်လုံခြုံရေး တာဝန်ရှိသူများက တပ် နယ်သို့ ခေါ်ယူစစ်ဆေးရာ အကြမ်းဖက်အဖွဲ့နှင့်ဆက် နွယ်ပြီး ပါဝင်ပတ်သက်မှုရှိကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

      အဆိုပါ အမှုဖွင့်အရေးယူလျှက်ရှိသော တရားခံများကို စစ်ဆေးရာ အောင်ကိုကို၊ ဒုဦးစီးမှူး၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သည် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်ပြီး ပါဝင်ပတ်သက်ကာ အကြမ်းဖက်အဖွဲ့အား ဌာနဆိုင်ရာဝန်ထမ်းများ၏ သတင်းများအားပေးခဲ့သည်ကို စစ်ဆေးပေါ် ပေါက်ခဲ့ကြောင်း၊ ဦးဇင်လင်းနွယ်(ခ)ချန်ဒူးဝမ်သည် PDF အဖွဲ့ဝင် ချမ်း မြေ့သောင်းနှင့်အတူ အကြမ်းဖက်အဖွဲ့များထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မေလအထိ ဆန် ၆ ပြည်တစ်အိတ်နှင့် ငွေ ၁၅၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ယိုးဒယားဆီပုံးကြီး ၁ ပုံးထောက်ပံ့ခြင်း၊ သံဖြူဇရပ်မြို့ပေါ်၌ မိုင်းဖောက်ခွဲမှုများ ပြုလုပ်ရာတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ခြင်း၊ တပ်/ရဲနှင့် ပြည်သူများ၏ သွား လာလှုပ်ရှားမှုများအား စောင့်ကြည့်ပေး၍ အကြမ်း ဖက် အဖွဲ့များထံသို့ သတင်းပေးခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ဝင်းထိုက်သည် အကြမ်းဖက်အဖွဲ့များအား အစားအစာနှင့် ဆေး ဝါးများ၊ ငွေကြေးများထောက်ပံ့နေသူဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။


      အဆိုပါ တရားခံများဖြစ်ကြသော ဒုဦးစီးမှူး(သံဖြူ ဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) အောင်ကိုကို ၊ ဦးဇင်လင်းနွယ်(ခ)ချန်ဒူးဝမ် ၊ ဝင်းထိုက် တို့ ၃ ဦးကို သံဖြူဇရပ်၊  မြို့မရဲစခန်းတွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုရေးဖွင့် စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN