ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ရထားလမ်းတံတားအနီး PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးထားမှုကြောင့် အမှတ်(၅)အဆန်လူစီးအမြန်ရထား ကြန့်ကြာမှုဖြစ်ပွား

ဒီဇင်ဘာ ၁၉

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာ အကြား၊ မိုင် တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆)အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်း ကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာ ရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည်ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။

       အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာသို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့် တပြေးညီ သွားရောက်ကာ နယ်မြေလုံခြုံရေးနှင့်မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအား စစ် ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအားပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ် (၅)အဆန် လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း၊ ဘူတာ၌ ရပ်တန့်ထားရမှုကြောင့် ရထားစီးခရီးသည်များ ခေတ္တအချိန်ကြန့် ကြာမှု ကြုံတွေ့ခဲ့ရကြောင်းနှင့် လမ်းပိုင်းပျက်စီးမှုကို အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင်ပြီး ရထားခရီးစဉ်များပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။

      အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ မြန်မာ့မီးရ ထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူး လွန်ခဲ့ကြကြောင်း သိရှိရသည်။

      နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီး သွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်း ချက်ထား ရှိ၍ စီမံဆောင် ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက် သောင်း ကျန်းသူများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီး သည်များ၊ ကုန်စည်များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူး လွန်နေကြသောကြောင့် အဆိုပါ အကြမ်း ဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN