မှတ်ပုံတင်ထားတဲ့ EV ကားအစီးရေ ၁,၅၀၀ ကျော်ရှိ

ဒီဇင်ဘာ ၁၉

      နိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသော EV ကားအစီးရေ ၁,၅၀၀ ကျော်ထိရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။ ယခုနှစ်နိုဝင်ဘာ လကုန်အထိ နိုင်ငံတစ်ဝန်းတွင် မှတ်ပုံတင်ထားသော လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ နှစ်ဘီးတပ်ယာဉ်နှင့် သုံးဘီးတပ်ယာဉ် စုစုပေါင်း ၆ ဒသမ ၄ သန်းကျော်ရှိပြီး ၎င်းအနက် အစီးရေ ၁,၅၀၀ ကျော်မှာ EV ကားများ ဖြစ်သည်ဟု သိရပါသည်။

      လက်ရှိမှတ်ပုံတင်ထားသည့် ယာဉ်များအနက် EV လူစီးကား ၁,၅၀၀ ကျော်၊ EV ကုန်တင်ယာဉ် ၂ စီး၊ နှစ်ဘီးတပ် EV ယာဉ် ၂,၃၆၂ စီးနှင့် သုံးဘီးတပ် EV ယာဉ် ၂၂၆ စီး ရှိသည်ဟု ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။ ဆက်လက်ပြီး EV ကားများကို ပြည်ပမှ တင်သွင်းမှုများရှိနေပြီး မှတ်ပုံတင်ရန်စောင့်နေသည့် EV ကားများရှိနေပြီး ထပ်မံ တိုးလာရန်ရှိသည်ဟု သိရပါသည်။ ထို့အပြင်လျှပ်စစ်ဘတ်စ် ကားများ တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီး EV ယာဉ်များအတွက် လိုအပ်သည့် Charging Station များကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် တည် ဆောက်ထားသည်ဟု သိရပါသည်။

#PAN