မြန်မာ့ကျောက်စိမ်းတင်ပို့မှု နှစ်ကုန်ခါနီး ဈေး ကွက်ကောင်းမွန်

ဒီဇင်ဘာ ၁၉

      ဒီဇင်ဘာလပထမပတ်အတွင်း ပြည်ပသို့မြန်မာ့ကျောက်စိမ်းတင်ပို့မှု ဈေးကွက်ပိုမိုသွက်လက်လာပြီး ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းများအပြင် လေ ကြောင်းလိုင်းကပါ တင်ပို့မှုရှိသည်ဟု မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါသည်။

      ဒီဇင်ဘာလပထမပတ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ ကျောက်စိမ်းတင်ပို့နေမှုအပြင် နိုင်ငံပိုင်ကဏ္ဍမှ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ​များက ရောင်းချထားသည့် ကျောက်စိမ်း ၃,၂၂၈ ကီလိုကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်ဟု ဆိုပါသည်။

       တန်ဖိုးမြှင့် ကျောက်စိမ်း၊ ကျောက်မျက်အချော ထည်တွေဖြစ်သည့် ကျောက်စိမ်းလက် ကောက်၊ ပုတီးစေ့၊ လည်ဆွဲ၊ ကျောက်စိမ်း လက် ပတ်များကို မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်း၏ One Stop Services Centre များမှာဝယ်ယူပြီး လေကြောင်း မှ တရုတ်ဈေးကွက်သို့ တင်ပို့နေသည်ဟု သိရပါသည်။

       ယခုဒီဇင်ဘာလ ၂ ရက်နေ့မှ ၈ ရက်အထိတစ်ပတ်ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းကျောက်မျက် အပါအဝင် သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်ရရှိထားပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးပတ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ကာလအတွင်း ကျောက် စိမ်း ကျောက်မျက် အပါအဝင် သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့နိုင်မှုမှာ ၂ ဒသမ ၃ သန်းသာရှိခဲ့ခြင်းကြောင့် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်းနီးပါးပိုမို တင်ပို့လာနိုင်သည်ဟု သိရပါသည်။

#PAN