မုံရွာမြို့နယ်၊ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ်အင်ဂျင်ခန်းမီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ် ၊ သလ္လာဝတီရပ်ကွက် ၊ သလ္လာဝတီဇက်ဆိပ်တွင် ယမန်နေ့ ၁ နာရီ ၆ မိနစ် အချိန်ခန့်က ကုန်တင်အမြန်ရေယာဉ် အင်ဂျင်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရပါသည်။


မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၃) စီး၊ ကမ်းနားမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်း သတ်ယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၀ မိနစ်အချိန် မီးငြိမ်းခဲ့ ကြောင်း သိရသည်။

#PAN