မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ တပ်မ တော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃ နှစ် ကျော်အရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၉

      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာ လ ၁၆ ရက်နေ့က ဂန့်ဂေါမြို့ရှိ နယ်မြေခံတပ်မှ လက် နက်ကြီးပစ်ခတ်မှုကြောင့် ရှုံးရှီးကျေးရွာ၏ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှ ၂ ဦးသေ ဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများအား လူမှုကွန်ရက်စာမျက်နှာတွင် Than Lwin Times က လုပ်ကြံရေး သားနေသည်ကိုတွေ့ရှိရသည်။

       တပ်မတော်သည် ပြည်သူများနေထိုင်ရာ မြို့၊ရွာ များကို ဘယ်သောအခါမှ လက်နက်ကြီးများဖြင့် ပစ် ခတ်မှုမရှိခဲ့ကြောင်း၊  အကြမ်းဖက်သမားများအနေ ဖြင့် အများပြည်သူသွားလာနေထိုင်သည့် လမ်းတံတားများ၊ အဆောက်အဦများ၊ စာ သင်ကျောင်းများ၊ ဆေးရုံးဆေးခန်းများနှင့် ဘာ သာရေးအဆောက်အဦများပါမကျန် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်မှုများကို ငါနဲ့မတူငါ့ရန်သူအဖြစ် လုပ်ဆောင်နေ သည်ကို မြန်မာပြည်သူများသာမက အမေရိကန်နိုင်ငံ၏ အကြမ်းဖက်မှုစစ်တမ်းများ တွင်ပါ တရားဝင်ထုတ်ပြန်ထားရှိပါသည်။ အကြမ်းဖက်အားပေးမီဒီယာများမှ ကောလဟလသတင်းများ၊ လုပ်ကြံသတင်းများဖြင့် တပ်မတော်အား ဂုဏ်သိက္ခာကျဆင်း စေရန်နှင့် တပ်မ တော်သားများအပေါ် ဒေသခံပြည်သူများမှ အထင် အမြင်လွှဲမှားစေရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN