ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ပေါက်ကွဲမှုဖြစ် ပွား၍ ၃ ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာ ၁၉

      ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ကရာချီမြို့၌ ဒီဇင် ဘာလ ၁၈ ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ် ပွားရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား ၁၂ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ် ပြန်သည်။ ပေါက်ကွဲမှုသည် ဓာတ် ငွေ့ဘူးများကို မာချာဒေသရှိ ဆိုင်တစ်ဆိုင်သို့ ရွှေ့ပြောင်းပေးစဉ် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းဆိုင်မှာ လုံးဝပျက်စီးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆယ်မန်နာဆာ က ပြောသည်။

        ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေ သခံပြည်သူများက ကယ်ဆယ် ရေးအဖွဲ့ဝင်များနှင့်အတူ အပျက် အစီးများကြား ပိတ်မိနေသူများအား ကယ် ဆယ်ရန် ကြိုးပမ်းခဲ့ရာ လူ ၁၅ ဦးကို ပြန်လည် ကယ် ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အပျက်အစီးများကြား ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက စီစဉ်လျက်ရှိသည်။

      ပေါက်ကွဲမှု ဖြစ်ပွား ရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြ ထား သည်။

#PAN