ချန်ပီယံလိဂ်(၁၆)သင်းအဆင့်တွင် လက်ရှိချန်ပီ ယံမန်စီးတီးနှင့် ကိုပင်ဟေဂင်၊ အာဆင်နယ်အသင်းနှင့် ပေါ်တိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံ

ဒီဇင်ဘာ ၁၉

      ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ ဒိန်းမတ်ချန်ပီယံ ကိုပင်ဟေဂင်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီးလက်ရှိပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကတော့ ပေါ်တိုအသင်းနဲ့ ထိပ်တိုက်တွေ့ ဆုံနေတာ ဖြစ်ပါတယ်။

       အာဆင်နယ် အသင်းဟာ ပေါ်တိုအသင်းနဲ့ နောက် ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်သုံးပွဲစလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ ဘော လုံးရာသီက အုပ်စုအဆင့်မှာ ဒိန်းမတ်မြေမှာ ကိုပင်ဟေဂင်ကို ဂိုးမရှိသရေရလဒ်သာ ကစားနိုင်ခဲ့ကာ အင်္ဂလန်မြေမှာတော့ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

      မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကိုပင်ဟေဂင်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

      ချန်ပီယံလိဂ်ဖလားကို (၁၄)ကြိမ်အထိ ရယူဆွတ် ခူးထားနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကတော့ (၁၆)သင်းအဆင့်မှာ ဂျာမန်ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းကတော့ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

       အခြားသော (၁၆)သင်းအဆင့် ပွဲစဉ်တွေမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာဇီယိုအသင်း၊ နာပိုလီအသင်းနဲ့ ဘာစီလိုနာအသင်း၊ ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်ဆိုစီဒက်အသင်း၊ ပီအက်စ်ဗွီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ နေတာ ဖြစ်ပါတယ်။

      ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃၊ ၁၄၊ ၂၀ နဲ့ ၂၁ ရက်တို့တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်တွေကို မတ် ၅၊ ၆၊ ၁၂ နဲ့ ၁၃ ရက်တို့တွင် လည်းကောင်း ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကိုတော့ ဇွန် ၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#PAN