ကျောက်ဖြူ ဒေသခံ ၂၀ ကျော်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၉

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မှ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မ တော်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်း ဆီးခေါ်ဆောင်ခံရ သူ အမျိုးသား ၁၁ ဦးနှင့် အမျိုး သမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦး ဖြစ်ကြောင်း လူမှုကွန် ရက်များတွင်  မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ် မေးမြန်းချက်အရ  မှန်ကန်မှုမရှိကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်တွင် မည်သည့် လုံခြုံ ရေးအဖွဲ့များမှ လုံခြုံ ရေးတာဝန်များ ထမ်းဆောင် ခဲ့ခြင်းမရှိကြောင်း၊ လုပ် ကြံရေးသားသည့်သတင်းမှားသာဖြစ်ကြောင်း ပြောကြားချက်အရ သိရှိရသည်။

          အကြမ်းဖက်မှုအားပေးသည့် တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် မဟုတ်မမှန် သတင်းများကို ရေးသားဖြန့်ဝေကာ တပ်မတော်သားများနှင့် လုံခြုံ ရေးပူးပေါင်းအဖွဲ့များ အပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN