ဝိုင်းမော်တွင် Mi 35 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၈

      ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ်တွင် ဒီဇင် ဘာ ၁၇ ရက်နေ့က တပ်မတော်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက် ကျသွားကြောင်း ဒေသ ခံများထံက  သိရသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့်  Ayeyarwaddy Times မှ မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူ တစ်ဦး၏ ဖြေ ကြားချက်အရ Mi-35 ရဟတ်ယာဉ်ပျက်ကျ သည် ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းတု ၊ သတင်းမှားသာဖြစ်ကြောင်းနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ သည် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများတွင် မြေပြင်တပ်မတော်စစ်ကြောင်းများနှင့် အတူ ဟန်ချက်ညီညီဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

        တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည် သူလူထုမှ တပ်မတော်အပေါ် ယုံကြည် အားကိုးလိုစိတ်များ ယိုင်နဲ့လာစေရန် ရည်ရွယ် ချက်ရှိရှိ မဟုတ်မမှန် သတင်းတု၊ သတင်းမှား များကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN