ရမ်းဗြဲမှာ မြန်မာ့တပ်မတော်ကို AA က စတင်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့ခံများ မြို့ကို စွန့်ခွာထွက်ပြေးနေရ

ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မြန်မာ့တပ်မတော်ကို AA က စတင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့သူမြို့သားများမှာ ရမ်းဗြဲမြို့ကို စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။
ယနေ့ မနက် ၈ နာရီခန့်က မြန်မာ့တပ်မတော် နေရာယူထားရာ ရမ်းဗြဲမြို့မဈေးအနီး သိမ်တောင်ကို AA အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီကျော်မှာ မြန်မာ့တပ်မတော်ဘက်မှ စစ်ရဟတ်ယာဉ်နှင့် နေဗီက စစ်ရေယာဉ်တို့ဆီက AA ရှိရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရမ်းဗြဲမြို့ခံတွေများဆီမှ သိရသည်။
မနက်ပိုင်း တိုက်ပွဲဖြစ်ပွားကတည်းက မြို့သူမြို့သားများမှာ ဈေးဆိုင်များ အားလုံးပိတ်ထားကာ မြို့မှာ တိတ်ဆိတ်လျက်ရှိနေပြီး မွန်းလွဲပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် မြို့ကိုစွန့်ခွာကာ ထွက်ပြေးနေရသောကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်း မြို့ခံများက ပြောသည်။

ရမ်းဗြဲမြို့သည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တည်ရှိတဲ့ အေးချမ်းသည့် မြို့ကလေးတစ်မြို့ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ယခင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းတွင် ရမ်းဗြဲမြို့မှာ တိုက်ပွဲနေရာအတွင်း မပါဝင်ခဲ့ပေမယ့် ယနေ့ AA ဘက်မှ စတင်ပစ်ခတ်ခဲ့လို့ တိုက်ပွဲနယ်မြေအဖြစ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ပေါက်တောမြို့မှာလည်း စစ်တပ်စခန်းချရာ မြို့လည်းမဟုတ်သကဲ့သို့ ယခင်စစ်ပွဲဖြစ်ပွားနေရာလည်းမဟုတ်ဘဲ AA အဖွဲ့မှာ ပေါက်တောမြို့မရဲစခန်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ ပေါက်တောမြို့ကို သိမ်းပိုက်ခဲ့သောကြောင့် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး ပေါက်တောဒေသံများမှာ မြို့ကို စွန့်ခွာထွက်ပြေးနေကြရသည်မှာ တစ်လပြည့်ပြီဖြစ်ပြီး နေ့စဉ်ရက်ဆက် ပေါက်တောမြို့မှာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ပွဲတွေ ဖြစ်နေဆဲ ဖြစ်သည်။

#PAN

Telegram link

https://t.me/positiveanglenews