ယူကရိန်းကို ထောက်ပံ့ပေးမှုက ဥရောပသမဂ္ဂအတွက် အဆုံးသတ်ဖြစ်သွားနိုင်ဟု ပြင်သစ်လွှတ်တော်အမတ် သတိပေး

ဒီဇင်ဘာ ၁၈

     ယူကရိန်းကို ထောက်ပံ့ပေးမှုက ဥရောပသမဂ္ဂအတွက် အဆုံးသတ်ဖြစ်သွားနိုင်ကြောင်းနှင့် ဥရောပအနေ ဖြင့် စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် ကန္တာရလွင်ပြင်မဖြစ်မီ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်လိုအပ် ကြောင်း ပြင်သစ်လွှတ် တော် အမတ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသတိပေးထားသည်။

      ယူကရိန်း ပဋိပက္ခသည် ဥရောပတိုက်သားများကို အထိနာစေကြောင်း၊ ၎င်းတို့အနေဖြင့် ဇလန်စကီကို ငွေကြေးထောက်ပံ့ ပေးနေစဥ် လိုအပ်သည့်ဓာတ်ငွေ့များကို ပုံမှန်ကျသင့်သည်ထက် လေးဆပိုပေး၍ အမေရိကန် မှ ဝယ်ယူနေရ ကြောင်းနှင့် တစ်ချိန်တည်းမှာပင် ပြင်သစ်နိုင်ငံ၌ ဆင်းရဲမှုက ပေါက်ကွဲထွက်လာနေပြီ ဖြစ်ကြောင်း လွှတ်တော် အမတ် နီကိုးလပ်ဒူပုန့် အစ်ဂနန်က ပြောသည်။

       ထို့ကြောင့် အချိန်မနှောင်းမီ ငြိမ်းချမ်းရေးအစီ အစဉ်တစ်ရပ်က မဖြစ်မနေလိုအပ်နေပြီ ဖြစ် ကြောင်း အဆိုပါလွှတ်တော်အမတ်က ထပ် လောင်းသတိပေးထားသည်။ မကြာသေးမီက ဥရောပကောင်စီသည် ယူကရိန်းနှင့် မော်ဒိုဗာတို့ကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအဖြစ်လက်ခံရေး ဆွေးနွေးမှုလုပ်ငန်းကို ဖွင့်လှစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂက ယူကရိန်းသို့ ယူရိုဘီလီယံ ၅၀ ထောက်ပံ့မည့်အစီ အစဉ်ကို ဟန်ဂေရီ ဝန်ကြီးချုပ် က ကန့်ကွက်ကာ ယူကရိန်းသည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် အသင့်မဖြစ်သေးကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN