ဒီပဲယင်းမြို့နယ်၊ အောင်ချမ်းသာရွာကို တပ်မတော်က  မီးရှို့ဖျက်ဆီး ဟု မဟုတ်မမှန် သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၈

     စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း အောင်ချမ်းသာကျေးရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းတွင် တပ်မတော်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည် ဟု တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများ သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်မှုမရှိ ကြောင်းနှင့် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိ ကြောင်း သိရှိရသည်။

      သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့်  နိုင်ငံတော်တည် ငြိမ်အေး ချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ မဟုတ်မမှန် ကော လာဟလ သတင်းတု သတင်းမှားများကို ဖန်တီးရေး သားဖြန့်ဝေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN