ဆီဗီလာအသင်းက ဒီယေဂို အလွန်ဆို အား နည်းပြအဖြစ်မှ ထုတ်ပယ်

ဒီဇင်ဘာ ၁၈

      စပိန်လာလီဂါကလပ် ဆီဗီလာအသင်းဟာ ဒီယေဂို အလွန်ဆို အား နည်းပြအဖြစ်ခန့်အပ်ပြီး သီတင်းကိုးပတ်အကြာမှာ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

       အသက် ၄၈ နှစ်အရွယ်ရှိ ဥရုဂွေးနိုင်ငံသားနည်းပြ ဒီယေဂို အလွန်ဆို ဟာ အောက်တိုဘာ ၁၀ ရက်က ဆီဗီလာအသင်းနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး စပိန်လာလီဂါနဲ့ ဥရောပပြိုင်ပွဲတွေမှာ တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

      ဆီဗီလာအသင်းဟာ နည်းပြ မန်ဒီလီဘာ လက် ထက်မှာ ဥရောပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့ပေမယ့် ဒီယေဂိုအလွန်ဆိုလက်ထက်ဖြစ်တဲ့အခုဘောလုံးရာသီမှာတော့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်အောက်ဆုံးနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

       ဒါကြောင့် ဆီဗီလာအသင်းက ဒီဇင်ဘာ ၁၆ ရက်က ဂီတာဖေးအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးချိန်မှာ ဒီယေဂိုအလွန်ဆိုကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဆီဗီလာအသင်းဟာ ဒီယေဂိုအလွန်ဆို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ရှစ်ပွဲမှာ သုံးပွဲရှုံး၊ ငါးပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

#PAN