ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ နှင်းမုန်တိုင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ဖွယ်ရှိ

ဒီဇင်ဘာ ၁၈

      ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ ဒီဇင်ဘာ ၁၇ ရက်မှစပြီး ဒီဇင်ဘာ ၁၈ ရက် ညပိုင်းအချိန်အထိ ဂျပန်ပင်လယ်တွင် နှင်းမုန်တိုင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် ဆီး နှင်းများလည်း ထူထပ်စွာ ကျဆင်းနိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ယနေ့ သတိပေး ချက်ထုတ်ပြန်သည်။

      အအေးလှိုင်း ဝင်ရောက်မှုနှင့်အတူ ဖြစ်ပေါ် လာသည့် လေဖိအားနည်းရပ်ဝန်းသည် Okhotsk ပင်လယ်ပြင်သို့ဖြတ်ပြီး အရှေ့မြောက်ဘက်သို့ ရွေ့လျားလျက်ရှိသည်။ လေပြင်းများနှင့် ဆီးနှင်းများလည်း ကျဆင်းကာ နှင်းမုန်တိုင်း ကျရောက်နိုင်ကြောင်းလည်း ဂျပန်မိုးလေဝသအေဂျင်စီ က ပြောကြားသည်။

       ဟော့ကိုင်းဒိုးပြည်နယ်၌ တစ်နာရီလျှင် ကီလိုမီ တာ ၉၀ နှင့် တိုဟိုကူဒေသနှင့် အိမ်နီးချင်း နီဂါတာစီရင်စုတွင် တစ်နာရီ လျှင် ကီလိုမီတာ ၈၀ ကျော် လေပြင်းတိုက်ခတ်မည်ဟု မိုးလေဝသအေဂျင်စီက ခန့်မှန်းပြောကြားသည်။ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ကျော် တိုက်ခတ်မည်ဟုလည်း ခန့်မှန်းထား သည်။

      တိုဟိုကူဒေသတွင် ၈ မီတာနှင့် ဟိုကူရီကူဒေသနှင့် အိမ်နီးချင်း နီဂါတာ စီရင်စုတွင် ၆ မီတာအထိ လှိုင်း ကြီးနိုင်ဖွယ် ရှိကြောင်း မိုးလေဝသအေဂျင်စီက ခန့်မှန်းထားသည်။

       နီဂါတာစီရင်စုတွင် ဆီးနှင်းများ ၇၀ စင်တီမီတာအထိ ကျဆင်းနိုင်ပြီး ဟော့ကိုင်းဒိုးနှင့် တိုဟိုကူဒေသတို့တွင် ၆၀ စင်တီမီတာအထိ ကျဆင်းနိုင်သည်ဟု မိုးလေဝသအေဂျင်စီက ခန့်မှန်းထား သည်။

      နှင်းမုန်တိုင်းများနှင့် ဆီးနှင်းများ ကျဆင်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်စေနိုင်ကြောင်း ကြိုတင်သတိပေး ချက် ထုတ်ပြန်ထားသည်။ ထို့ပြင် ဓာတ်အားပြတ်တောက်ခြင်းလည်း ဖြစ်ပေါ်နိုင်ကြောင်း အေဂျင်စီက သတိ ပေး ထားသည်။ နှင်းမုန်တိုင်းတိုက်ခတ်သည့် နေရာများတွင် မော်တော်ကားများ သောင်တင်နိုင်ကြောင်း မိုးလေဝသအရာရှိ များက သတိပေးထားသည်။

      နောက်ဆုံးထုတ်ပြန်ထားသော မိုးလေဝသ သတင်းအချက်အလက်များကို စောင့်ကြည့်ရန်နှင့် မလိုအပ်ပါက အပြင် မထွက်ကြရန် ဒေသခံများကို အာဏာပိုင်များက သတိပေးပြောကြားထားကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။

#PAN