၂၀၂၃ ခုနှစ်အတွင်း အေးဂျင့်များအတွက် ပေး ချေခဲ့ရသည့်  ငွေကြေးပမာဏ ပေါင်သန်း ၇၀၀ ကျော်ရှိတယ်လို့ ဖီဖာ ထုတ်ပြန်

ဒီဇင်ဘာ ၁၇

      ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၃ ခုနှစ်အတွင်း အေးဂျင့်များအတွက် ပေးချေခဲ့ရတဲ့ ငွေ ကြေးပမာဏမှာ ပေါင်သန်း ၇၀၀ ကျော်ရှိခဲ့တယ်လို့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

      ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ဖီဖာရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဘောလုံးလောက အပြောင်းအရွှေ့ လှုပ်ရှားမှုပေါင်း ၃,၃၅၃ ခုရှိခဲ့ပြီး  အေးဂျင့်များကို ပေးချေခဲ့ရတဲ့ငွေကြေးမှာ ပေါင်  ၇၀၂ သန်းအထိ ရှိတယ်လို့ သိရပါတယ်။

     ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အေးဂျင့်များအတွက် ပေး ချေရမှုမှာ ပေါင် ၅၁၈ သန်းသာ အသုံးပြုခဲ့ရတာကြောင့် ငွေကြေးပမာဏ  ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

      အင်္ဂလန်ကလပ်အသင်းများအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း အေးဂျင့်ခ ပေါင် ၂၂၁ သန်းသုံးစွဲကာ အများဆုံး ဖြစ်ခဲ့ပြီး ဥရောပကလပ်များအနေဖြင့် စုစုပေါင်း အေးဂျင့်ခ ရဲ့ ၈၇ ရာခိုင်နှုန်းကို သုံးစွဲခဲ့တာဖြစ်ပါတယ်။

#PAN