ရုရှား၏ အရန်ရွှေစုဆောင်းထားနိုင်မှုပမာဏ ပိုမိုမြင့်တက်လာ

ဒီဇင်ဘာ ၁၇

      နိုဝင်ဘာလအတွင်း ရုရှားနိုင်ငံက စုဆောင်းနိုင်သော အရန်ရွှေပမာဏသည် အမေရိကန်ဒေါ်လာ ၁၅၁ ဒသမ ၉ ဘီလီယံအထိ ရှိလာသောကြောင့် အရန်ရွှေစုဆောင်းထားနိုင်မှုပမာဏ ပိုမိုမြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့်လအတွင်း အရန်ရွှေစုဆောင်းထားနိုင်မှုသည် အောက်တိုဘာလကထက် ၂ ဒသမ ၂ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၃ ဒသမ ၁၉၈ ဘီလီယံဖိုး မြင့်တက်လာခြင်းဖြစ်သည်။

       ရုရှားအနေဖြင့် အရန်ရွှေစုဆောင်းနိုင်မှုမှာ တန်ဖိုးအားဖြင့် မြင့်တက်လာသော်လည်း ပိုင်ဆိုင်မှုအနေဖြင့်မူ ၁၆ တန်ခန့်ကျဆင်းသွားသည်။ ထို သို့ ကျဆင်းရခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

      ယခုအခါ ရုရှားနိုင်ငံက စုဆောင်းထားနိုင်သော အရန်ရွှေပမာဏသည် ဒီဇင်ဘာလအထိ တန်ဖိုးအားဖြင့် ဒေါ်လာ ၅၉၂ ဒသမ ၃၅၂ ဘီလီယံနှင့် ပြည်ပအရန်ငွေကြေး စုဆောင်းထားနိုင်မှုမှာ ဒေါ်လာ ၄၁၂ ဒသမ ၂၆၁ ဘီလီယံအထိ ရှိလာကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

#PAN