ရုရှားနိုင်ငံက ၂၀၂၄ ခုနှစ်တွင် တိုက်ချင်းပစ်ဒုံး ကျည် ခုနစ်စင်း ပစ်လွှတ်ရန် စီစဉ်

ဒီဇင်ဘာ ၁၇

      ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တိုက်ချင်းပစ်
ဒုံးကျည်ခုနစ်စင်းကို ပစ်လွှတ်ရန် စီစဉ်နေကြောင်း
ရုရှားမဟာဗျူဟာဒုံးကျည်တပ်ဖွဲ့၏ တပ်မှူး ဗိုလ် ချုပ်ကြီး ကာရာကာယက်ဗ်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

       ရုရှားသတင်းစာ Red Star နှင့်အင်တာဗျူးတွင်
ကာရာကာယက်ဗ်က ရုရှားမဟာဗျူဟာဒုံးကျည်
တပ်ဖွဲ့သည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ဒုံးကျည်
စနစ်အသစ်များ၏ ပျံသန်းမှုစမ်းသပ်မှုနှင့် ရုရှား
စစ်တပ်အတွက် လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားမဟာဗျူဟာဒုံးကျည်တပ်ဖွဲ့က တိုက်ချင်းပစ်ဒုံးကျည်အကြိမ် ၂၀ ကျော် ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

      ရုရှားနှင့် အမေရိကန်တို့က စီစဉ်ထားသည့်
တိုက်ချင်းပစ်ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောမှ
ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မည့်အစီအစဉ်များနှင့်ပတ်သက်၍ သတင်းအချက် အလက်ဖလှယ်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ကာရာကာယက်ဗ်က ပြောကြားသည်။

      ရုရှားနိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည်များနှင့်
ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များ
လွှတ်တင်ရန် စီစဉ်ထားသည့် မည်သည့်အစီအစဉ်
ကိုမဆို တစ်ရက်ထက်မနည်း ကြိုတင်အသိပေးခဲ့
ကြောင်းလည်း ကာရာကာယက်ဗ်က ပြောကြား
ခဲ့သည်။

      ထို့ပြင် ယခင် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်
ပြည်ထောင်စုတို့ကြား သဘောတူညီချက်အရ ၁၉၈၈ ခုနှစ်မှစတင်ကာ ဒုံးကျည်ပစ်လွှတ်မှု အားလုံးကို အမေရိကန်ပြည်ထောင်စုအား ၂၄ နာရီထက်မနည်းကြိုတင်အသိပေးထားကြောင်း ၎င်းက ဆက် လက်ပြောကြား သည်။

#PAN