ယီမင်ရှိ ဟူသီသူပုန်များနှင့် ပင်လယ်နီ စစ်ဆင်ရေးများအပေါ် အိုမန် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့

ဒီဇင်ဘာ ၁၇

       ယီမင်ရှိ အီရန်မဟာမိတ် ဟူသီအဖွဲ့က ပင်လယ်နီနှင့် အာရေဗျ ပင်လယ်တို့တွင် ၎င်းတို့ စစ်ဆင်ရေးများနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့များနှင့် အိုမန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဟူသီပြောရေးဆိုခွင့် ရှိသူ Mohamed Abdel-Salam က ဒီဇင်ဘာ ၁၆ ရက်၊ စနေနေ့တွင် ပြောကြားခဲ့ပြီး၊ အဆိုပါ ကြေညာချက်တွင် ဆွေးနွေးပွဲများ၌ ပါဝင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ခွဲခြားသတ် မှတ်ခဲ့ခြင်းမရှိပဲ မည်သည့်နေရာ / မည်သည့်အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်ကို ပြောကြားခြင်း မရှိသော်လည်း ဟူသီများ အရှိန်လျှော့ရန် ဆန္ဒရှိနိုင် သည်ကို ညွှန်ပြနေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

      ဂါဇာကမ်းမြှောင် ဒေသအပေါ်တွင် အစ္စရေးက
၎င်း၏ “ကျူးကျော် ရန်စမှု” ကို ရပ်တန့်ပြီး လူသား
ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်
ရောက်ခွင့် မပြုမချင်း ၎င်းတို့၏ရပ်တည်ချက်သည်
စေ့စပ်ညှိနှိုင်းရန် ဘာသာရပ်မဟုတ်ဟု ဟူသီများက
အလေးပေးပြောကြားခဲ့သည်ဟု ဆိုသည်။

      သို့သော် Abdel-Salam က ဂါဇာရှိ လူသားချင်းစာ နာဆောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင် တွယ်ဖြေရှင်းရာတွင် ခြေလှမ်းအမှန်မှာ အစား အသောက်နှင့် ဆေးဝါးများ ယူဆောင်လာခြင်းဖြင့် တိုးမြင့်လာမှုကိုလျှော့ချရန် အထောက်အကူဖြစ်စေမည်ဟုလည်း ပြောကြားခဲ့သည်။

      အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဂါဇာဒေသကို ကျူးကျော်ခြင်းအား ဆန့်ကျင်သည့်အနေဖြင့် ဟူသီတို့သည် ပင်လယ်နီနှင့် အာရေဗျပင်လယ်အတွင်း သွားလာနေသော သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဟူသီများ၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီအချို့သည် ဥရောပနှင့် အာရှအကြား ကူးသန်းရောင်းဝယ်ရေးနှင့် လောင်စာဆီ ပို့ဆောင်ရေးအတွက် အရေးပါသော ပင်လယ်နီရေ ကြောင်းလမ်းကို ဖြတ်၍ သင်္ဘောများသွားလာမှုကို ကြောက်ရွံ့ပြီး ရပ်တန့်စေခဲ့ရကြောင်း ရိုက်တာသတင်းအရ သိရပါသည်။

#PAN