မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ MDAC စနစ်ဖြည့်သွင်းရမည်

ဒီဇင်ဘာ ၁၇

      မလေးရှားနိုင်ငံသို့ လာရောက်မည့်  မြန်မာ နိုင်ငံ သားများအနေနှင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ MDAC စနစ်ကို မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါသည်။

     အဆိုပါစနစ်အား ယခုဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ၃၁ ရက်အထိ ကနဦး အကောင် အထည်ဖော်ကာလအဖြစ် ဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အသိ ပေးထုတ်ပြန် ထားကြောင်းလည်း မြန်မာသံရုံးက အသိပေးထားပါသည်။

      ထို့ကြောင့် မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ အားလုံးသည်လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါ ရီလ ၁ ရက်မှစတင်ကာ Malaysia Digital Arrival Card (MDAC)အား မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန၏ Website ဖြစ်သည့် https://imigresen- online.imi, gov.my/mdac/ တွင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါသည်။

      သို့သော် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ၊ မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်နှင့် ကာ လရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ များအား MDAC ဖြည့်စွက်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါသည်။

#PAN