ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အကျဉ်း ထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်း သားများကို အကျဉ်းထောင်တာဝန်ခံအရာရှိများမှ ညှင်း ပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ အကျဉ်း ထောင်တွင် ပုံမှန်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမဲ့လုပ် ဆောင်ခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း၊ ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းမှားများကို မြို့ရွာများ တည် ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်အများပြည်သူ အထင် အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံလိမ် လည်ရေးသား၍ အချိန်ကိုက်ဖြန့်ဝေရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
#PAN