ပရီးမီးယားလိဂ်ရဲ့ပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင်

ဒီဇင်ဘာ ၁၇

      လက်ရှိ ပရီးမီးယားလိဂ်ရာသီရဲ့ ဒီဇင်ဘာလအတွင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် အမျိုးသမီးကွင်းလယ်ဒိုင်နဲ့ ၁၅ နှစ်အတွင်း ပထမဆုံးလူမည်းကွင်းလယ်ဒိုင်တို့ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

      ၂၀၁၀ ခုနှစ်ကစတင်ပြီး ဒိုင်လောကထဲဝင်ရောက် လာတဲ့ အမျိုးသမီးကွင်းလယ်ဒိုင် ရေဘက်ကာဝါ့ချ် က ဒီဇင်ဘာလ ၂၃ ရက်မှာကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ ဘန်လေအသင်း တို့ပွဲစဉ်ကို ကိုင်တွယ်မှာဖြစ်ပြီး လူမည်း ကွင်းလယ်ဒိုင် ဆမ်အယ်လစ်ဆန် က ဒီဇင်ဘာ လ ၂၆ ရက်မှာကစားမယ့် ရှက်ဖီးလ်အသင်းနဲ့လူတန်အသင်း တို့ပွဲစဉ် ကို စတင်တာဝန်ယူမှာဖြစ်ပါတယ်။

      ၂၀၀၉ ခုနှစ်မှာ အူရီယာရန်နီ အနားယူပြီးနောက် ပရီးမီးယားလိဂ်မှာ လူမည်းကွင်းလယ်ဒိုင်တွေ ပျောက် ဆုံး နေခဲ့တာလည်း ဖြစ်ပါတယ်။

#PAN