Biden ၏အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က အစ္စရေးသည် ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို အတိအကျပစ်မှတ်ထားကာ စစ်ပွဲအဆင့်သစ်သို့ ကူးပြောင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့

ဒီဇင်ဘာ ၁၆

      သမ္မတ Joe Biden ၏ အမျိုးသားလုံခြုံရေးအကြံ ပေး Jake Sullivan က ဟားမတ်စ်ခေါင်း ဆောင်မှုကို ပစ်မှတ်ထားသည့် “ပိုမိုတိကျသောနည်းလမ်းများ” ကို အာရုံစိုက်သည့် စစ်ပွဲ၏ နောက်ထပ်အဆင့်သို့ ကူး ပြောင်းသွားမည်ဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

      “ဒီစစ်ပွဲရဲ့ နောက်ထပ်အဆင့်တစ်ခုကို ကူး ပြောင်းသွားမှာဖြစ်တယ်၊ ခေါင်းဆောင်ပိုင်းကို ပစ် မှတ်ထားကာ ဟားမတ်စ်တွေရဲ့ ခြိမ်းခြောက်မှုကို ဆက်လက်ကိုင်တွယ်နေပြီး ထောက်လှမ်းရေး မောင်းနှင်တဲ့ စစ် ဆင်ရေးတွေမှာ ပိုမိုတိကျတဲ့နည်းလမ်းတွေနဲ့ အာရုံ စိုက်လုပ်ဆောင်သွားမှာပါ” ဟု Sullivan က တဲလ်အဗစ် မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

       ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ သေဆုံးဒဏ်ရာရမှုများကို ရှောင်ရှားရန် အစ္စရေး ၏ ရည်ရွယ် ချက်အပေါ် အမေရိကန်က ရလဒ်များကို မြင်လိုကြောင်း Sullivan က ပြောကြားခဲ့သည်။

     “အစ္စရေးက ပစ်မှတ်တွေကို ရွေးချယ်ပြီး ဟားမတ်စ်ကို တိုက်ခိုက်တဲ့ပစ်မှတ်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေရဲ့ အသက်တွေသေစေနိုင်တာတွေကို ခွဲခြားဖို့ ကြိုးစားနေပါတယ်” ဟု CNN သတင်းဌာနမှ Alex Marquardt ၏ မေးခွန်းကို တုံ့ပြန်ရာတွင် Sullivan က ပြောကြားခဲ့သည်။

      Sullivan သည် ဂါဇာတွင် အရပ်သားသေဆုံးမှုများ တိုးမြင့်လာမှုနှင့် ပတ်သက်၍ Biden နှင့် အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu တို့ကြား လူသိရှင် ကြား သဘောကွဲလွဲပြီးနောက် ရက်ပိုင်းအကြာတွင် Sullivan သည် အစ္စရေးအစိုးရထံ ပြတ်သားသော သတင်းစကား ပေးပို့နေပါသည်။

       Sullivan သည် အစ္စရေး နေတန်ယာဟုနှင့် အခြားသော အစိုးရထိပ်တန်းအရာရှိများနှင့် ကြာသပတေး နေ့တွင် တွေ့ဆုံခဲ့သည်။ အစ္စရေး ၏ ဟားမတ်စ်စစ်ပွဲ ပြီးဆုံးသည်နှင့် အစ္စရေး၏ ဂါဇာတွင် ပါလက်စတိုင်း အာဏာပိုင်များကအုပ်ချုပ်ခွင့် ရှိ/မရှိအပေါ်  Biden နှင့် နေတန်ယာဟုတို့ သဘောထားကွဲလွဲနေသည့်ကြားတွင် ၎င်းနှင့် Abbas တွေ့ဆုံမှု ထွက်ပေါ်လာခြင်း ဖြစ် သည်။  အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးပြီးဆုံးပြီးနောက် ပါလက်စတိုင်းအာဏာပိုင်များသည် ဂါဇာတွင် အုပ်ချုပ်မှုတာဝန်ကို ထမ်းဆောင်သင့်သည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း နေတန်ယာဟုက ယင်းအယူအဆကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။

     ပါလက်စတိုင်းအာဏာပိုင်သည် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။  ဟားမတ်စ်သည် ဂါဇာကို ထိန်းချုပ်ထားပြီး ပါလက်စတိုင်းအာဏာပိုင်၏ အခြားရွေးချယ်စရာအဖြစ် သူ့ကိုယ်သူ တင်ပြသည်။

       ဒုတိယသမ္မတ Kamala Harris ၏ အမျိုးသားလုံခြုံရေးအကြံပေး Phil Gordon သည် အဘတ်စ်နှင့် အခြားသော ပါလက်စတိုင်းခေါင်း ဆောင်များနှင့် ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံခဲ့သည်။

      အောက်တိုဘာ ၇ ရက်က ဟားမတ်စ်၏ တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်း အစ္စရေးနိုင်ငံသို့ Sullivan ၏ ဒုတိ ယအကြိမ်လာရောက်လည်ပတ်မှုမှာ အစ္စရေးအစိုးရအနေဖြင့် ဂါဇာကမ်းမြောင် ဒေသရှိ အရပ်သားများ သေဆုံးဒဏ်ရာရမှုများကို ဖယ်ရှားရှင်းလင်းရေး ပိုမိုခိုင်မာသော ခြေ လှမ်းများ လှမ်းမြင်လိုသည့် ဆန္ဒရှိကြောင်း ဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလာခဲ့ပြီး နေတန်ယာဟု ၏ သဘောထားတင်းမာသော ရပ်တည်ချက်များကို ပြောင်းလဲရန် တောင်းဆိုခဲ့သည်။

      “အရပ်သားတွေရဲ့ အသက်တွေကို ဘယ်လိုကယ် တင်ရမလဲဆိုတာကို အာရုံစိုက်စေချင်တယ်။  ဟားမတ်စ်နောက်ကို မရပ်လိုက်ဘဲ ပိုသတိထားပါ” ဟု ဘိုင်ဒင်က တုံ့ပြန်ခဲ့သည်။

      ဟားမတ်စ် စစ်သွေးကြွများက အောက်တို ဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း အစ္စရေးနှင့် နိုင်ငံရပ်ခြားသားများ အပါအဝင် လူပေါင်း ၁၂၀၀ ခန့်ကို သတ် ဖြတ်ခဲ့သည်။  အစ္စရေး၏ တုံ့ ပြန်မှုကြောင့် ဂါဇာတွင် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြထားသည်။

#PAN