အမေရိကန်ကွန်ဂရက်လွှတ်တော်က ဩစတြေး လျနိုင်ငံသို့ နျူကလီးယားရေငုပ်သင်္ဘောများ ရောင်းချရန် သဘောတူ

ဒီဇင်ဘာ ၁၆

      ဩစတေးလျ-ဗြိတိန်နှင့် အမေရိကန်တို့အကြား အင်ဒို-ပစိဖိတ်ဒေသ သုံးနိုင်ငံလုံခြုံရေး ပူးပေါင်း ဆောင် ရွက်ရေး သဘောတူညီချက်အရ ဩစတေးလျနိုင်ငံသို့ အမေရိကန်နိုင်ငံထုတ် နျူ ကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ရောင်းချနိုင်ရေးအတွက် အမေရိကန် အောက် လွှတ်တော် ကိုယ်စားလှယ်သုံးပုံနှစ်ပုံကျော်၏ သဘောတူညီမှုကို ဒီဇင်ဘာလ ၁၄ ရက်က ရရှိခဲ့သည်။

      ဗာဂျီးနီးယားအတန်းအစား ရေငုပ်သင်္ဘောသုံးစင်းကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ လွှဲပြောင်းပေးရန် စီစဉ် ထားပြီး လွန်ခဲ့သည့်နှစ်နှစ်က လက်မှတ်ရေးထိုးခဲ့သော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အရ အမေရိကန်နှင့် ဗြိတိန်တို့၏ အကူအညီဖြင့် ရေငုပ်သင်္ဘောအသစ် ရှစ်စင်းကို ဩစတေးလျက ဝယ်ယူနိုင်ခဲ့သည်။

      အမေရိကန်ကွန်ဂရက်လွှတ်တော်၏ အတည် ပြုချက်သည် ဩစတေးလျနိုင်ငံ၏ အမျိုးသားလုံခြုံရေး အတွက် အရေးကြီးသည့် ထူးထူးခြားခြားအောင်မြင်မှုတစ်ခုဖြစ်ကြောင်း ဩစတေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ် က ဒီဇင် ဘာလ ၁၅ ရက်က ပြုလုပ်သည့် ရေဒီယိုအင်တာ ဗျူးတစ်ခုတွင် ပြောသည်။

      အဆိုပါ ရေငုပ်သင်္ဘောဝယ်ယူရေး သဘော တူညီချက်သည် ဆယ်စုနှစ်သုံးခုအတွင်း ဩစ တေးလျက အမေရိကန်ဒေါ်လာဘီလီယံ ၂၅၀ ခန့်အထိ ကုန်ကျနိုင်ပြီး နိုင်ငံ၏လူနေမှုစရိတ်စက အကျပ်အတည်းကြားတွင် အခွန်များ တိုးမြှင့်လာနိုင်ကြောင်း ဝေဖန်သူများကဆိုသည်ဟု NHK သတင်းဌာနက ဖော်ပြထားသည်။

#PAN