ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက် လက်များပြားလာ

ဒီဇင်ဘာ ၁၆

      ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမှာ တတိယမြောက် သီတင်းပတ်အဖြစ် ဆက်လက်များပြားလျက်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။

      တစ်နိုင်ငံလုံးအနှံ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၅,၀၀၀ ခန့်တွင် ခုနစ်ရက်တာကာလအတွင်း လူနာပေါင်း ၁၇,၃၉၇ ဦးရှိသည်ဟု သိရသည်။ အဆိုပါ အရေအတွက်မှာ ပြီးခဲ့သည့်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၃,၇၉၆ ဦးတိုးလာခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ခရိုင် ၄၇ ခုတွင် ပျမ်းမျှအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ တိုးလျက်ရှိသည်။ ဟော့ကိုင်းဒိုးတွင် ကူးစက်မှုအများဆုံးဖြစ်ကာ ယင်းနောက် ယာမာနာရှီ၊ နာဂိုနို၊ ဂီဖုနှင့် အိုက်ချီ တို့တွင်လည်း အသီးသီးကူးစက်မှုများပြားလျက်ရှိသည်။

       တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရသူ ၁,၄၆၈ ဦးရှိပြီး ပြီးခဲ့သည့်သီတင်းပတ်ကနှင့် နှိုင်းယှဉ်လျှင် ၄၄၅ ဦး တိုးလာခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် ကူးစက်မှုကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးကြရန်လည်း အာဏာပိုင်များက တောင်းဆိုထားကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN