ဂုံအရှေ့ပိုင်းမြို့နယ်တွင်  စက်ဘီးစီးလာသူ ၂ဦးမှ အမှတ် ၂လမ်းမကြီးဘေးရှိ စက္ကူ ပုံးတစ်ခုကို ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွား

ဒီဇင်ဘာ ၁၆

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်းမြို့နယ် ၊ အမှတ် ၁၃ရပ်ကွက်၊ အမှတ် ၂လမ်းမကြီးဘေးတွင် ယနေ့ နံက် ၇ နာရီ ၅၅ မိနစ်ချိန်ခန့်တွင် စက်ဘီးစီးလာသူ ၂ ဦးက စက္ကူပုံးတစ်ခုတွေ့ရှိသဖြင့် တစ်ဦးသည် စက်ဘီးပေါ်မှဆင်း၍ စက္ကူပုံးအားဖွင့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

      အဆိုပါ ပေါက်ကွဲမှုကြောင့် စက်ဘီးပေါ်မှ ဆင်းကြည်သူ ဦးထူးငယ်ဆိုသူမှာ နေရာတွင် (စိုးရိမ်ရ) ဒဏ်ရာဖြင့် လဲကျခဲ့ပြီး ၊ စက်ဘီးနင်းလာသူ ဦးမြင့်ဆိုင် ဆိုသူမှာ ညာခြေသလုံးဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ စိမ်းလဲ့ကန်သာလမ်း၊ ၁၇ ရပ်ကွက် ၊ တောင်ဒဂုံ နေသူများဖြစ်ကြောင်း သိရှိရသည်။

       ယမန်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ပေါက်ကွဲမှု ၁၁ ကြိမ်ဖြစ်ခဲ့ရာ အမျိုးသား ၁၆ ဦး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အလုံမြို့နယ်တွင် အမျိုးသား ၁ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

       ပြည်ပြေးအကြမ်းဖက် NUG ၏ ညွှန်ကြား ချက်ဖြင့် အကြမ်းဖက်လုပ်ငန်းများ အကောင် အထည်ဖော်လုပ်ဆောင်နေသည့် ကြေးစားလူ သတ်အကြမ်းဖက် PDF များသည် ယခုလို လက်လုပ်မိုင်းများပြုလုပ်ပြီး လမ်းဘေးတွင် ချထားခြင်းဖြင့် မသိနားမလည်၍ ယူဆောင်၊ ကိုင်ဆောင်ကြရာမှ ပေါက်ကွဲမှုဖြစ်ပွားကြရပြီး အပြစ်မဲ့ပြည်သူ အောက်ခြေလူတန်းစားများကိုသာ ထိခိုက်သေဆုံးမှုဖြစ်ပွားစေ ပါသည်။

#PAN