ကြည့်မြင်တိုင်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများတွေ့ရှိပြီး ရှင်းလင်းဖယ်ရှားခဲ့

ဒီဇင်ဘာ ၁၆

      ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအရှေ့ရပ်ကွက်၊ အထက်ကြည့်မြင်တိုင်လမ်း၊ ရထားသံလမ်း၊ အုတ်တံတိုင်းခြံစည်း ရိုးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်း အရ ယမန်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် လုံခြုံရေးတာဝန်ရှိသူများက သွားရောက်စိစစ်ခဲ့သည်ဟု သိရသည်။

     ထိုသို့ သွားရောက်စစ်ဆေးရာ Boss Star Minimart ၏ မျက်နှာချင်းဆိုင်ညလမ်းတစ်ဘက်ခြမ်း၊ ရထားသံလမ်း၊ အုတ်တံတိုင်းနှင့်ကပ်လျက်၊ အထက်ကြည့်မြင်တိုင်လမ်းဘေးတွင် Bluetooth ဆောင်းဘောက် ၁ ခုအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်မြေပြင်အင်ဂျင်နီ ယာတပ်မှ ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် သွား ရောက်ရှိရှင်းလင်းခဲ့ရာ Bluetooth ဆောင်းဘောက်ဖြင့် ပြုလုပ်ထားသော မပေါက်ကွဲသေးသည့် လက် လုပ်ဗုံး ၁ လုံးကို တွေ့ရှိခဲ့သည်။

     အဆိုပါ လက်လုပ်ဗုံးကို ၎င်းနေရာအနီး၌ အတား အဆီးများ ပြုလုပ်ကာ ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဖောက်ခွဲဖျက်စီးခဲ့ကြောင်းနှင့် လူ/ပစ္စည်း ထိခိုက်မှုမရှိကြောင်း သိရပါသည်။

       အလားတူ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာရှိ အလုပ် သမားဆေးရုံးအရှေ့၊ ရန်ကုန်-ပုသိမ်၊ အမှတ်(၅)လမ်း မကြီးနှင့် (၅)ပေခန့်အကွာ၊ ကုက္ကိုလ်ပင်၏အမြင့် (၁၀) ပေခန့်ပေါ်တွင် လက်လုပ်မိုင်းဟုယူဆရသော စာက လေးအိမ်ငှက်သိုက်ပုံသဏ္ဍာန်အရာတစ်ခု ကပ်ထားသည်ကို တွေ့ရှိရကြောင်းသတင်းအရ ထန်းတပင်မြို့နယ်လုံခြုံ ရေးပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ စာကလေးအိမ် ငှက်သိုက်ပုံသဏ္ဍာန်ထဲတွင် ယမ်း (ပျော့အမျိုးအစား)အား ခဲပတ်(ခဲပြား)ဖြင့် ပတ်ထား ပြီး Nuzan အမျိုးအစား ၃.၇ ဗို့ ဓာတ်ခဲ ၃ လုံး၊ ဆင်းကဒ်နံပါတ်(၀၉-၆၆၆၅၂၉၂၄၈) ပါ KZG အမျိုးအစား၊ အမဲရောင် ကီးပက်ဖုန်း ၁ လုံး၊ ဒီတိုနေတာ ၁ ချောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်တွင် မိုင်းရှင်း လင်းရေးဆောင်ရွက်ခဲ့ပြီး ပေါက်ကွဲမှု တစ်စုံတစ် ရာမရှိ၊ လူထိခိုက်မှုမရှိဘဲ အဆိုပါ လက်လုပ်ဗုံးအား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ၏ လက်ဝေခံ ကြေးစားလူသတ်အကြမ်းဖက် PDF များ ယမန့် ညက နေရာ ၁၀ နေရာနှင့်အထက် ဗုံးဖောက်ခွဲရန် စီမံဆောင်ရွက်ခဲ့ရာ ၎င်းတို့ ဖောက်ခွဲမည့်နေရာများကို ကြည့်ပါ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖောက်ခွဲခြင်းဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ ၎င်းတို့သည် ပြည်သူလူထုအတွင်း ကြောက်ရွံထိတ်လန်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရပါသည်။

#PAN