ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းမကြီး ကော့ကရိတ် – မြဝတီလမ်းအပိုင်းရှိ တံတား ဖောက်ခွဲဖျက်ဆီးခြင်းများရှိသည်ဟု ဒေသခံများက ဆို

ဒီဇင်ဘာ ၁၆

            ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ် ဒေါ်နတောင်ပေါ်လမ်း(အာရှလမ်း) ပေါ်ရှိ (မြဝတီဘက်မှသွားလျှင် တောနော်ရေတံ ခွန် အလွန်ရှိ )၊ တံတားကို  အကြမ်းဖက်သောင်း ကျန်းသူများက ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်ခန့် တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမှာ အလယ်ခေါင်မှ ကျိုးသွားပြီး သွား လာ၍မရတော့ကြောင်း ဒေသ သတင်းတစ်ခုအရ သိရပါသည်။

      ပြည်နယ်အင်ဂျင်နီယာမှူးကြီးရုံးမှ ရရှိသော သတင်းအရ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေး ရွာအနီးရှိ သံကူကွန်ကရစ်တံတားမှာ ယမန်နေ့ ညဦးပိုင်းက အကြမ်းဖက်သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတံတားမှာ ပေ ၃၀၀ နီးပါးရှည်လျားပြီး သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊ တံတားပျက်စီးမှုမှာ ကြမ်းခင်းအနည်းငယ်သာ ပျက် စီးသည်ဟု သိရကြောင်း ဆိုပါသည်။

       ” တံတားဖောက်ခွဲမှုရှိတာတော့ ဟုတ်တယ်၊ တံ တားနေရာကို တာဝန်ရှိသူတွေ သွားမကြည့်ရဲကြသေးတော့ ဖောက်ခွဲဖျက်ဆီးခံရတာ တံတား တစ်စင်းဘဲလား၊ နှစ်စင်း လားဆိုတာ အတိအကျမသိရသေးဘူး ” အမည်မဖော်လို့ ဒေသခံအမျိုး သမီးက ဆိုသည်။

     အဆိုပါ အာရှလမ်းမကြီး၊ ကော့ကရိတ် – မြဝတီလမ်းပိုင်းမှာ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောက်ယှက်တိုက်ခိုက်မှုများကြောင့် အသွားအလာမရှိသလောက်ဖြစ်နေကြောင်း သိရပါသည်။

#PAN