The Best FIFA Football Awards 2023 ဆုအတွက် နောက်ဆုံး ဆန်ခါတင် (၃)ဦးစာရင်းများ ထုတ်ပြန်

ဒီဇင်ဘာ ၁၅

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက် တနင်္လာနေ့မှာ ကျင်းပသွားမယ့် The Best FIFA Football Awards 2023 ဆုအတွက် နောက်ဆုံး ဆန်ခါတင် ကစားသမား (၃)ဦးစာရင်းကို FIFA က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၃ ခုနှစ် FIFA The Best ဆုချီးမြှင့်ရန် အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်ခဲ့ရာ ပြင်သစ်နှင့် PSG တိုက်စစ်မှူး ဘာပေ၊ အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီ၊ နော်ဝေနှင့် မန်စီးတီး တိုက်စစ်မှူး ဟာလန်းတို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီးကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် စပိန်နှင့် ဘာစီလိုနာကွင်းလယ်လူ ဘွန်မာတီ၊ ကိုလံဘီယာနှင့် ရီးယဲလ်တိုက်စစ်မှူး လင်ဒါကိုင်စီဒို၊ စပိန်နှင့် ပါချူအာတိုက်စစ်မှူး ဟာမိုဆိုတို့ ပါဝင်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။