ဧရာဝတီတိုင်းတွင် ကျောင်းသားများ မူးယစ်ဆေးသုံးစွဲနေပြီး ကျောင်းအတွင်း ရောင်းဝယ်မှုများပြုလုပ်နေ ဟု သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၅

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အခြေခံပညာကျောင်းများနှင့် အထက်တန်း ကျောင်းတို့တွင် ကျောင်းသားများ မူးယစ်ဆေးသုံးစွဲနေသော် လည်း ကျောင်း အုပ်များနှင့် ဆရာ၊ ဆရာမများမှ တားဆီးနိုင်ခြင်း မရှိသည့်အပြင်  ကျောင်းအတွင်း မူးယစ်ဆေးရောင်းဝယ်မှုများပြုလုပ်နေကြောင်း ဟင်္သာတမြို့နယ် ဒေသခံများထံမှ သိရှိရဟု သတင်းတု၊ သတင်းမှားများအား ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က လူမှုကွန်ရက်စာ မျက်နှာတွင် မဟုတ်မမှန်လုပ်ကြံ ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

        အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် သက်ဆိုင်ရာမြို့နယ်ရှိ ‌ပညာ ရေးဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် မိဘဆရာအသင်းတို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ “မဟုတ်မမှန် သတင်းဖော်ပြမှုဖြစ် ကြောင်းနှင့် ၎င်းသတင်းတု၊သတင်းမှားအား အုပ် ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ပူး ပေါင်း၍ ကျောင်းသားမိဘများအား အသိပေးဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း” သိရှိရသည်။

       ကျောင်းများတွင် အုပ်ချုပ်ရေးဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းလျက် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေး ပန်းချီကားများ၊ နံရံ ကပ်စာစောင်များ ခင်းကျင်းပြသမှုများ အပါ အဝင် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း၊ ဖုန်းယူဆောင်ခြင်းများကို ကျောင်းစည်း ကမ်းများတွင် ထည့်သွင်း တားမြစ်ဖော်ပြထားပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ ရှောင်တခင် စစ်ဆေးခြင်း များပြုလုပ်လျက်ရှိရာ အရေးယူဆောင် ရွက်ခဲ့ရခြင်းမရှိကြောင်း၊ အလားတူ ရပ်ကွက်များ အတွင်း၌ လည်း  မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရခြင်းမျိုး မရှိ ကြောင်း သိရှိရပါ သည်။

     အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ မီဒီယာကို အကြမ်းဖက်လက်နက် သဖွယ် အသုံးဘချကာ သတင်းတု၊ သတင်းမှားတွေကို ရေး သားဖော်ပြလျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုကိုပျက်ပြားစေရန် လုပ်ဆောင်နေခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN