ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ၀န်းရံသူ ကိုနန်းစိုးဦး၊ ၄၀ နှစ်၊ (ဘ)ဦး၀င်းမြင့် ခေါင်း ဆောင်သော ၅ ဦးအဖွဲ့သည် ပေါက်ခေါင်းမြို့နယ် ကျွဲကလေးစမ်းကျေးရွာသို့ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် လွှစက်ဖြတ်အလုပ်လုပ်ပြီး ပြန်အလာ ဗြန်ဒီကျေးရွာလမ်းခွဲနှင့် သဘာ ၀ရိပ်သာ၊ ပေါက်ခေါင်းမြို့နယ်အစကြား ခရိုင်ချင်းဆက်လမ်းပေါ်အရောက်တွင် အကြမ်း ဖက် PDF ၂ ဦးက သေနတ်ဖြင့်စောင့်ကြိုပစ်ခတ်ရာ ဦးနန်းစိုးဦး မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်လူများမှာ ရွှေပန်းတောကျေးရွာထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရပါသည်။
ယမန်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် မြို့လုံ ခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော
ပတ်ကင်းယာဥ်အား အောင်လံမြို့နယ်၊ ဇေယျ၀တီရပ်ကွက်၊ ဘုရားငါးဆူဘုန်းကြီးကျောင်းအနီးတွင် အကြမ်းဖက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့မှ လူနှင့် ယာဥ်ကို ထိခိုက်မှု့မရှိကြောင်းသိရှိရပါသည်။
အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ငလောက်ကျေးရွာမှ ဦးရွှေသိန်း၊ ၅၂ နှစ်၊ (ဘ) ဦးမှုံကြီး သည် အကြမ်းဖက် PDF အဖွဲ့၀င်တစ်ဦးဖြစ်ပြီး မိုင်းသင်တန်းတက်ရောက်နေစဉ် ပေါက်ကွဲမှု့ဖြစ်ပွားရာမှ ခြေထောက်ပြတ်သွားခဲ့ကြောင်း၊ ၎င်းမှာ အောင်လံမြို့နယ်၊ ဆေးရုံကြီးတွင် တက်ရောက်ကုသမှု့ခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN