လောင်းလုံမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား ဟု တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit Media မှ ကောလာဟလသတင်း ရေးသားဖြန့်ဝေ

ဒီဇင်ဘာ ၁၅

      တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို တပ်မတော်က ဝင်ရောက် စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားသည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်စာ မျက်နှာတွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ် မြေရှိ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ဖြေကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့ တပ်မတော်မှ လောင်းလုံမြို့နယ် ညင်းမော်ကျေး ရွာနှင့် အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှု မရှိကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရပါ သည်။

       သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်နှင့် ပြည်သူလူထု အကြား အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန် သတင်းများကို အချိန်ကိုက် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN