ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စက်သုံးဆီ ဦးစားပေး ရောင်းချထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီ မရတော့ဘဲ စက်သုံးဆီဆိုင်များပိတ်ထားရ ဟု  ကောလာဟလ သတင်းများဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၅

     ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စက်သုံးဆီများ ဦးစားပေး ရောင်းချထုတ်ပေး နေ၍ နယ်ဒေသများတွင် စက်သုံးဆီမရတော့ဘဲ ဆီများစတင်ပြတ်တောက်နေသည် ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများစိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်လာစေရေး သတင်း အမှားများ ထုတ်လွှင့်လျက် ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလ်လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီ ပုံမှန်လိုအပ် လျက်ရှိသည့် ပမာဏအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး မည်သည့် စက်သုံးဆီ အမျိုး အစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍  လက်ရှိပြည်တွင်းစက်သုံးဆီလက်ကျန်နှင့် ပြည်ပမှ မှာယူ ထားသည့် စက်သုံးဆီများ စဉ်ဆက်မပြတ်ဆက်လက်ဝင်ရောက်လျက်ရှိရာ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်နိုင်မှုအခြေအနေ မရှိပါကြောင်းနှင့် အများပြည်သူများအနေဖြင့် စိုးရိမ် စရာမလိုဘဲ စက်သုံးဆီများကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

      ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်ကြီးများသို့ စက်သုံးဆီ ဖြည့်တင်းသည့် ဆီတင်ယာဉ်(Bowser) မရောက်ရှိမီခေတ္တအချိန်ပိုင်းအတွင်း စက်သုံးဆီ အရောင်းရပ်တန့်သွားရသည့် အခြေအနေအပေါ် ကောလာဟလသတင်းများကို အချိန်ကိုက် ဝါဒဖြန့်လှုံ့ဆော်မှုများကြောင့် အများပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရ ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်  လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့် လျက်ရှိသော ကောလာဟလသတင်းများကို အယုံအကြည်မရှိကြရန်နှင့်  စိုးရိမ်ပူပန်မှု မရှိစေရေးအတွက် နိုင်ငံတော်မှ ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ပမာဏအတိုင်း စဉ်ဆက် မပြတ်တင်သွင်းရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN