ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၇ မြို့နယ်တွင် ပေါက်ကွဲမှု ၁၀ နေရာ ဖြစ်ပွား

ဒီဇင်ဘာ ၁၅

     ယနေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်) ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အထက(၅)နှင့်မျက်နှာချင်းဆိုင်ရှိ Best Western Hotel(ဖွင့်လှစ်ရန်ပြင် ဆင်ဆဲ) မြေညီ ထပ်အပေါက်ဝတွင် ပေါက်ကွဲမှုဖြစ်ပွားရာ ကျား ၄ ဦး၊ မ ၁ ဦး၊ ပေါင်း  ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ ကို သံဝေဂ လူမှုကူညီရေးယာဉ်ဖြင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ပို့​ဆောင်ထားရှိကြောင်း၊ အခင်းဖြစ်နေရာအား လူအသွားအလာကန့်သတ်ထားရှိပြီး နယ်မြေလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

       အလားတူ  ယနေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရန်ကွက်၊ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း (နဂါးပတ်ကျောင်း)အနီး  မင်းရဲကျော်စွာလမ်းဘေးတွင် လက် လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ လူ ပစ္စည်း ထိခိုက်မှုမရှိကြောင်းနှင့်  ပေါက်ကွဲသည့်နေရာနှင့်ကိုက် ၁၀၀ ခန့်အကွာ လမ်းညာဘက်ဘေး၌ မသင်္ကာဖွယ်ရာ  Bluetooth Speaker တစ်လုံးတွေ့ရှိသဖြင့် မြို့နယ် လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ အဆိုပါ Bluetooth speaker အား အသက်မဲ့ပြုလုပ်ဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

       ထို့ပြင် ယနေ့ ည ၇ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် ၊တာမွေကြီး(က+ဂ)ရပ်ကွက်၊ကျိုက္ကဆံလမ်း၁၅၄လမ်းနှင့်၁၅၅လမ်းကြား စိန်အပေါင် ဆိုင်ရှေ့ ကားလမ်းပေါ်၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အထည်ရောင်းသူသန့်ဇော်လွင်၏ ယာဘက်လက်ဝါးပြတ်ရှ၊ယာလက်မောင်း၊ဝဲခြေသလုံးပြတ်ရှ၊မျက်နှာခဲစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     အလားတူ ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ​​ဒေါပုံ​မြို့နယ် ၊ကြည်စုရပ်ကွက် ၊သမ္မစိတ္တ – ၁ လမ်း တွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ မိုင်းသယ်ဆောင်လာသူ ၂ ဦးတွင် လက်၊ပေါင်၊ခြေ သလုံးတို့တွင် အစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

      ယနေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့် ဒဂုံမြို့ နယ် (တောင်ပိုင်း)၊ ၂၄ရပ်ကွက်၊ နံသာမြိုင်လမ်းနှင့် ကန်သာယာလမ်း၊ အမက(၁)ကျောင်းရှေ့ ၊ ၌ ဗုံးဟုယူဆရသော ၁ ပေ ၈လက်မခန့်ရှိ (Bluetooth Speaker) အားသိမ်းဆည်းရရှိခဲ့ ကြောင်း သိရပါသည်။

       အလားတူ ယနေ့ ည ၇ နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊(၉၂ )ရပ်ကွက်၊ခရေ လမ်းရေမြောင်းအတွင် Bluetooth Speakerဖြင့် ပြုလုပ်ထားပြီးလူငယ်တစ်ဦးမှသွားရောက်ကောက်ယူရာပေါက်ကွဲးမှု့ဖြစ်ပွားပြီး ထိခိုက်မှု့ရှိကြောင်း၊ ထို့အပြင် ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က (၈၇ )ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်တွင်လည်း အငှားဂတ်(စ်)ကားပေါ်မှ လက်လုပ်မိုင်း ပစ်ချခဲ့ပြီး ပေါက်ကွဲခဲ့ကြောင်း၊ လူ ပစ္စည်း ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

     အလားတူ ယနေ့ ည ၇ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃကျွန်းကျေးရွာ တွင် သက်မင်းဦး၊(ဘ) ဦးထွန်းမှင်၊ ၁၄/မအန (နိုင်) ၂၂၀၁၄၁ နိုင် ကိုင်ဆောင်သူသည် ဘီယာဘူးခွံဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတလုံးအား ဆိုင်ကယ်ကြားတွင် ညှပ်ပြီးတင် ဆောင်ကာ အမှတ် ၃ လမ်းမဘက်မှ ကာယ ၉ (ခ) လမ်းနှင့် ဖြတ်လမ်း ၂ ထောင့်သို့ အရောက်တွင် ပေါက် ကွဲသွားခဲ့ပြီး ဒဏ်ရာရရှိသဖြင့် တပ်မတော်ကုတင်တစ်ထောင်ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

      ယနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့် မင်္ဂလာဒုံမြို့ နယ်၊ ရွှေနံ့သါရပ်၊ ပုလဲလမ်း၊ အ-ထ-က(၄) ကျောင်းရှေ့တွင် Bluetooth Speaker တစ်လုံး တွေ့ရှိသဖြင့် သွားရောက်ကောက်ယူပြီး စက်ဘီးခြင်းအတွင်းထည့်ရာမှ  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       ထိုနည်းတူစွာ ယနေ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးဘေး ပန်းခြံကုန်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပိုင်ပိုင်၊ ၁၆ နှစ်၊ (ဘ)ဦးအောင်နိုင်ဦး၊ သမာဓိ(၁)လမ်း၊ ချစ်တီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ စိမ့်အိန္ဒြာအောင်၊ ၂၃ နှစ်၊ (ဘ)ဦးအောင်နိုင်ဦး၊ သမာဓိ(၁) လမ်း၊ ချစ်တီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်နေသူနှင့် ရှိုင်းဝဏ္ဏ၊ (၁၉)နှစ်၊ (ဘ)ဦးမင်းမင်းစိုး၊ ဝေဠုဝန်ဘုန်းကြီးကျောင်းဝန်း၊ စမ်းချောင်းမြို့ နယ်နေသူတို့ ၃ ဦးသည် အင်းစိန်ဘက်မှ မင်္ဂလာဒုံဘက်သို့ လမ်းလျှောက်ပြန်လာစဉ် ပန်းခြံကုန်းကားမှတ်တိုင်အရောက် ပိုင်ပိုင် မှ ပလစ်စတစ်အဖြူရောင်ဖြင့်  ထုတ်ထားသော Bluetooth-Box အား တွေ့ရှိသဖြင့်ယူလာစဥ် ပေါက်ကွဲမှုဖြစ်ပွားကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ဆေးကုသမှုခံယူရန်  ပို့ဆောင်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN