ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး နောက်ခံလူအဖြစ် ရာမို့စ် မှတ်တမ်းဝင်

ဒီဇင်ဘာ ၁၅

ဆီဗီလာအသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် လန်းစ်အသင်းအား (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ပယ်နယ်တီဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ခံစစ်မှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ရာမို့စ်အနေဖြင့် ချန်ပီယံလိဂ်သွင်းဂိုး (၁၇)ဂိုး ရှိလာပြီး ဘာစီလိုနာခံစစ်မှူးဟောင်း ဂျရတ်ပီကေးနဲ့ ရီးယဲလ်ဂန္ထဝင်ခံစစ်မှူးကြီး ရော်ဘတ်တို ကားလို့စ်တို့ရဲ့ ၁၆ ဂိုး သွင်းယူခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

သို့သော် ရာမို့စ်၏ ဆီဗီလာအသင်းသည် အုပ်စုအတွင်း နောက်ဆုံးနေရာသာ ရရှိခဲ့ပြီး ယူရိုပါလိဂ် ပြောင်းလဲယှဉ်ပြိုင်ခွင့်ပင် မရရှိခဲ့ကြောင်း သိရပါတယ်။