ဒီဇင်ဘာ ၁၅
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကစားသမားပြောင်းရွှေကြေးကို ၅ နှစ်အတွင်း အပြီးသတ်ပေး ချေရန်နှင့် ကစားသမားများကို အများဆုံး ၅ နှစ်သာ စာချုပ်ချုပ်ရန် သတ်မှတ်ခဲ့သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က ပရီးမီးယားလိဂ်ကလပ်အသင်းများရဲ့ ရှယ်ယာရှင်များ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ကစား သမားပြောင်းရွှေ့ကြေးကို ၅ နှစ်အတွင်း အပြီး သတ်ပေးချေရန် မဲပေးဆုံး ဖြတ်ခဲ့ကြပါတယ်။ အဆိုပါ မဲပေးမှုမှာ ကစားသမားများကို နှစ်ရှည်စာချုပ်နဲ့ ခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်း အပါ အဝင် ပရီးမီးယားလိဂ် ၁၅ သင်းက ထောက်ခံမဲပေးခဲ့ပြီး ၃ သင်းက ကန့်ကွက်မဲ ၂ မဲပေးခဲ့ကာ ကြားနေအသင်း ၃ သင်းရှိခဲ့တယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းများအနေနဲ့ ကစား သမားပြောင်းရွှေ့ကြေးကို (၅)နှစ်အတွင်း အပြီးသတ် ပေးချေရန် သတ်မှတ်ခဲ့တာကြောင့် ကစားသမားသစ်များကို ဖြစ်စေ ကစားသမားဟောင်းများကို စာချုပ်သက်တမ်း တိုးရာမှာဖြစ်စေ အများဆုံး ၅ နှစ်စာချုပ်သာ ချုပ်ဆိုရတော့မှာ ဖြစ်ပါတယ်။ အဆိုပါစည်းမျဉ်းမှာ ယခုအချိန်မှစ၍သာ အသက်ဝင်မှာဖြစ်ပြီး ယခင်က စာချုပ်ဟောင်းများအပေါ် သက်ရောက်မှုမရှိဘူးလို့ သိရပါတယ်။
#PAN